Tuesday, September 15, 2009

တကယ်ဆို
အဖြူရောင်ကြိုးနဲ့ချည်နှောင်ခဲ့တာပါ။
မမြင်ရတဲ့အနာဂတ်အထိ
မရိုးနိုင်မယ့်ချစ်ခြင်းဖွဲ့ပြီး
တို့လျှောက်မယ့်လမ်းမှာ
အလွမ်းဆိုတာမရှိကြေးလေ...
တစ်သက်လုံး
အချစ်ဆုံးတစ်ယောက်ပဲရှိခဲ့တာပါ။။။
မင်းဟာတို့ရဲ့အေးမြတဲ့ချစ်ခြင်းများနဲ့
ထိုက်တန်သူပါ..
အနိုင်မယူဖြူစင်သူပေါ့...
ပေးဆပ်မှုချစ်ခြင်းများနှင့်အလင်းရောင်လေးရေ....
တို့ဟာဒီကမ္ဘာတည်သရွေ့
အသက်ရှိတဲ့အချိန်တွေမှာတော့
မပြောင်းလဲတဲ့ချစ်ခြင်းများနှင့်
မင်းတစ်ယောက်တည်းကိုပဲ
ချစ်တယ်

No comments:

Post a Comment